ကျိုက်လတ်မြို့နယ်အတွင်း တရားမဝင်ကုန်စည်နှင့် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေး လိုက်လံစစ်ဆေး

ကျိုက်လတ် အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား မြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ မြို့နယ်အတွင်းတရားမဝင် ကုန်စည်နှင့်ကုန်သွယ်မှုများ မရှိစေရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆိုင်များအား လိုက်လံစစ်ဆေး ဆောင်ရွက်ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား၊မြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ဆိုင်များအား၊ ရည်ညွှန်း သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်လိုင်စင်ကဒ် ရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော တရားမဝင်ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်