ပေါင်းတည် မျိုးစေ့ဌာနခွဲ မျိုးသန့်ခြံ၌ သုတေသနစိုက်ခင်းပြပွဲ ပြသ

ပေါင်းတည် အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊မျိုးသန့်ခြံရှိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မျိုးစေ့ထုတ် သုတေသနစပါးမျိုးစုံ စိုက်ခင်းများပြပွဲ ပြသခဲ့ရာ ဒေသခံတောင်သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

အဆိုပါပြပွဲ၌ ပေါင်းတည်မြို့နယ် မျိုးစေ့ဌာနခွဲနှင့် လက်ပံတန်းမြို့နယ်သုတေသန စိုက်ပျိုးရေးအဖွဲ့တို့ပူးပေါင်းကာ စပါးမျိုးစုံ သုတေသနပြု စိုက်ပျိုးထားသောစိုက်ခင်းများ၏ ဖြစ်ထွန်းနေမှုအခြေအနေများ၊ အကျိုးရလာဒ်များနှင့်စိုက်နည်းစနစ်များကို တောင်သူများအား ရှင်းလင်းပြသခဲ့ကြပြီး တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့်တောင်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် လေ့လာဆည်းပူးစိုက်ပျိုးထုတ်လုပ်နိုင်ကြစေရန် သရုပ်ပြသပေးခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါပြပွဲသို့ မြို့နယ်နှင့်ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တောင်သူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)