ဘောဂလိမြို့ ဖူးကြာထူးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဘောဂလိ နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့်  မြို့သန့်ရှင်းသာယာလှပရေးနှင့်  ဒေသဖွံ့ဖြိုး တိုးတက်လာစေရေးတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိသည်။   

ထိုသို့ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဖူးကြာထူးလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလဒုတိယပတ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်  (၁၀၀) ရာခိုင်နှုန်း (ရာနှုန်းပြည့်) ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖူးကြာထူးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ  သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး အရှည် (၄၅၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု ၈ လက်မှရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၃) သန်းရှိကြောင်း  သိရသည်။

မြို့နယ် (ပြန်/ဆက်)