မြဝတီမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြဝတီ နိုဝင်ဘာ ၂၅


ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြဝတီမြို့တွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရမည့်အချက်များ၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများ လိုက်နာရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်