သံတောင်ကြီးမြို့နယ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash for Work (CFW) စီမံကိန်းကျေးရွာများရွေးချယ်

သံတောင်ကြီး     နိုဝင်ဘာ ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash   For  Work (CFW) စီမံကိန်းကျေးရွာ ရွေးချယ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောဗစ်တာခလိုက် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းက Cash   For  Work (CFW) စီမံကိန်းကျေးရွာရွေးချယ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ၊ သံတောင်ကြီးမြို့နယ်တွင် စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၂၅)ရွာအား ရွေးချယ်ရာတွင် တောပြာကြီးကျေးရွာ၊ ဒါဝါလော်ချီး ကျေးရွာ၊ ကပ္ပါယ်ကျေးရွာ၊ ကျောက်တံခါး(ထက်)ကျေးရွာ၊ ကြို့ချောင်း(ထက်)ကျေးရွာ၊ ကြို့ချောင်း(အောက်)ကျေးရွာ ၊ ချဉ်ပေါင်တောင်ရွာသစ်၊ အမာယာကျေးရွာ ၊ ချီးသူစော(အထက်) ကျေးရွာ  ကျေးကတော့ကျေးရွာ ၊ ကိုးဒစ်ရွာတန်းရှည်၊ ထီးသာစော (အထက်)၊ ဇင်းတိုင်းလေးကျေးရွာ  ကျွဲကျချောင်းကျေးရွာ၊ ဖယ်ဖိုး  (အထက်)ကျေးရွာ၊ ခုံတိုင်ကျေးရွာ၊ အတောင်ချောင်းထက် (မုဆိုးမ) ကျေးရွာ၊ ကလေခိုအထက်ကျေးရွာ သရဲယူးကျေးရွာ၊ သင်္ဘောတောကျေးရွာ ၊ ကျောက်ဖျာအထက် ကျေးရွာ ၊ဗဟုန်း(ဌက်ပျောတောအထက်)ကျေးရွာ ၊ ရွှေလံဘိုကျေးရွာ၊ ကလေတကျေးရွာ များကို ရွေးချယ်ခဲ့ကြသည်။
အဆိုပါ Cash   For  Work (CFW) စီမံကိန်းကျေးရွာ ရွေးချယ်ပွဲတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း ၊ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်  မဲဆန္ဒနယ်အမှတ်(၁) ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့် မဲဆန္ဒနယ်အမှတ်(၂)၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် ဖိတ်ကြား ထားသောဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)