ကန့်ဘလူ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသည့်အကြောင်းအရင်းများ၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ နှိမ်နင်းရေးနှင့်လူကုန်ကူးမှုနှင့်ပတ်သက်သော ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုကင်းဝေးစေရေး ဆောင်ရန်/ရှောင်ရန်များနှင့် မိမိပတ်ဝန်းကျင်တွင် လူကုန်ကူးမှုတွေ့ရှိပါက ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရောင်စဥ်လှိုင်းဘော်ဒါဆောင်မှ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး နံရံကပ်ဗွီနိုင်းပိုစတာများ၊ သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)