ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စစ်ဗျူဟာအခြေချ(ဟားခါး)တပ်နယ် အမှတ်(၁)နယ်လှည့်စစ်မြေပြင်ဆေးတပ်စု ကုတင် ၂၀ တွင် ဆေးရုံတက်ရေက်ကုသလျက်ရှိသော အရာရှိစစ်သည်များ ထောက်ပံ့ငွေများ ပေးအပ်

ဟားခါး အောက်တိုဘာ ၂၇

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ယမန်နေ့ နံနက် ၁၁ နာရီက စစ်ဗျူဟာအခြေချ(ဟားခါး)တပ်နယ် အမှတ်(၁)နယ်လှည့်စစ်မြေပြင် ဆေးတပ်စု ကုတင် ၂၀ တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော အရာရှိစစ်သည်များအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ထိုသို့ စစ်ဗျူဟာအခြေချ(ဟားခါး) တပ်နယ်အမှတ်(၁) နယ်လှည့်စစ်မြေပြင် ဆေးတပ်စု ကုတင် ၂၀ တွင် ဆေးရုံတက်ရောက်ကုသနေသော အရာရှိစစ်သည်များအား ထောက်ပံ့ငွေများပေးအပ်ရာတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး စစ်ဗျူဟာအခြေချ(ဟားခါး) တပ်နယ်အမှတ်(၁) နယ်လှည့်စစ်မြေပြင် ဆေးတပ်စု ကုတင် ၂၀ မှ ဆရာဝန်များက ဆေးရုံတက်ရောက်ကုသနေသော အရာရှိစစ်သည်တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေကို အသေးစိတ်ရှင်းပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာဝန်အားလက်ဆောင်ခြင်းပေးအပ်ခဲ့ကြောင်း သိရသည်။

(ခရိုင်၊ပြန်/ဆက်)