ဇလွန် အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း အဒါးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အခြေခံပညာမူလတန်းကျောင်း အဒါးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ကျောင်းစျေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးရန်မသင့်သော အစားအစာများကို စားသုံးခြင်းဖြင့် ရရှိလာမည့်ဆိုးကျိုးများ အကြောင်းကို အသီးသီး အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသောနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)