ပုလောမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှုတ်စွမ်းရည်နှင့် သင်္ချာ(သိမှတ်ဖွယ်ရာ)စွမ်းရည်ရေးဖြေပြိုင်ပွဲ ကျင်းပ

ပုလော အောက်တိုဘာလ ၂၄

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် တွင် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ရေးဖြေပြိုင်ပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်(၉)နာရီက ပုလောမြို့ အမှတ်(၁)အခြေခံပည အထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို အခြေခံပညာ မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့်တွင် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်သင်ကြား၊ သင်ယူမှုစွမ်းရည်တိုးတက်လာစေရန်၊ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရန်နှင့်ဗဟိုအဆင့်သို့ပါဝင်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် အင်္ဂလိပ်စာနှုတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၂၁)ဦးနှင့် သင်္ချာစွမ်းရည်(သိမှတ်ဖွယ်ရာ) စွမ်းရည်ရေးဖြေပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၂၂)ဦး စုစုပေါင်း(၄၃)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပုလောမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)