ပခုက္ကူမြို့နယ်၌ သန်းခေါင်စာရင်းရာနှုန်းပြည့်ကောက်ယူပြီးစီးရန် ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းသာလို

ပခုက္ကူမြို့ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်၍ စဉ်ဆက်မပြတ်ကောက်ယူလျက်ရှိရာ ရာနှုန်းပြည့်ကောက်ယူပြီးစီးရန် ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းသာ လိုအပ်တော့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးထံက သိရသည်။

ပခုက္ကူမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၅)ရပ်ကွက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များကောက်ယူမှုလုပ်ငန်းကို တစ်ရက်လျှင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ ၁၇ ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ အောက်တိုဘာလ ၂၃ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁၇၄၅၁ စု၊ လူဦးရေ ၆၃၈၈၃ ဦး၊ စာရင်းကောက်ကွက်ပေါင်း ၁၇၁ ကွက်မှ ၁၅၃ ကွက် ကောက်ယူနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၉ ဒသမ ၄၇ ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကောက်ယူရန်ကျန်ရှိသည့် အိမ်ထောင်စုပေါင်း ၉၁၉၉ စုဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၅၂ ရာခိုင်နှုန်းသာလိုအပ်တော့ကြောင်း သိရသည်။

အဆိုပါလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် နယ်မြေခံတပ်မှ တပ်မမှူး ဗိုလ်မှူးကြီးဇော်မင်းထက်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဒေါ်ကြည်ကြည်ချိုနှင့်ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးအောင်မြင့်မော်နှင့်ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုကြီးကြပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ဘာမီသာ(ပခုက္ကူ)