ဒိုက်ဦး အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အကြိုပြိုင်ပွဲများ ဆောင်ရွက်သည်။
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အကြိုပြိုင်ပွဲများအဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပရာ ကျပန်းစကားပြောပြိုင်ပွဲ၌ ပညာဆိုတာအချိန်တိုင်းပါ ဗဟုသုတရရှိရေးစာဖတ်ရှိန်မြှင့်တင်ပေး ခေါင်းစဥ်နှစ်ခုဖြင့် ကျောင်းသား/ သူ ၁၅ ဦးကလည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် နေ့စဥ်ထုတ်မြန်မာ့အလင်းသတင်းစာများမှ အယ်ဒီတာအာဘော်တို့အား ကျောင်းသား/ ကျောင်းသူ ၁၉ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများအား ညောင်လေးပင်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့၀င်များ၊ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)