ပေါင်းတည် အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့်ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးဆုစံက စာအုပ်စာပေများဖတ်ရှုသည့် အလေ့အထများပေါ်ထွန်းလာစေရေးအတွက် စာပေကျေးဇူးအကြောင်းဟောပြောသည်။ ဆက်လက်၍ တက်ရောက်လာကြသော ၁၁လမ်း၊ အခြေခံပညာမူလတန်းကျောင်းမှ Grade -4 ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက စာဖတ်စွမ်းရည်နှင့် ပုံပြောပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြသည်။
ယင်းနောက် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဗလာစာအုပ်နှင့်ဘောပင်လက်ဆောင်များအသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ရွှေသား(ပြန်/ဆက်)