ပြည်မြို့(ကိုးသောင်း)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ပြည်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းများပြုလုပ်

ပြည် အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ (ကိုးသောင်း)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ နယ်လှည့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ကျောင်းသား၊ကျောင်းသူကလေးများအား ဌာန၏လုပ်ငန်းများနှင့် social media အကြောင်းနှင့် Social Media ၏ ကောင်းကျိုး၊ ဆိုးကျိုးများအကြောင်းနှင့် သတင်းတုသတင်းမှားများအကြောင်း ဟောပြောသည်။

ထို့နောက်ပြည်မြို့နယ်စာရေးဆရာအသင်းမှစာရေးဆရာ မောင်စိန်းလန်း (ပြည်)က စာဖတ်ခြင်းအကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြောသည်။ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတဖြစ်ဖွယ် မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် စာဖတ်ရှိန်​မြှင့်တင်ရေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစုံလင်သော ဗဟုသုတဖြစ်ဖွယ်စာအုပ်များကို လေ့လာဖတ်ရှုစေခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)