သဲကုန်း အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဲကုန်းမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ သဲကုန်းမြို့အတွင်းရှိ မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် မြို့အနီးရှိ ရွာဘုန်းကြီးကျောင်များမှ သံဃာတော်များအပါး(၈၀)ပါးက မိုဃ်းကောင်းဘုရားမှ သဲကုန်းမြို့အတွင်းသို့ ကြွရောက်အလှူခံတော်မူရာ ဒါယကာ၊ ဒါယိကာမများ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်နီးရပ်ဝေး အလှူရှင်များက ဆွမ်းဆန်တော်များ၊ ဝတ္ထုငွေ အစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)