မြဝတီမြို့ရှိ တန်ခိုးကြီးဘုရားများတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြား

မြဝတီ အောက်တိုဘာ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊  သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီတင်းသီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် စည်ကားများပြားလျက် ရှိသည်။

အလားတူ ည​ပိုင်းအချိန်တွင်လည်း မြဝတီမြို့ကျက်သရေဆောင်   သမိုင်းဝင်ဆံတော်ရှင်   ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၊ မိကျောင်းကုန်းဘုရား၊ ဓိဌာန်အောင်စေတီတော်၊ ရွှေတိဂုံပုံတူစေတီတော်၊ မဟာကနကစေတီတော်တို့တွင် ရပ်နီး/ရပ်ဝေးမှ  ရဟန်းရှင်လူပြည်သူများ၊ ဘုရားဖူးလာပြည်သူများက ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာတို့ဖြင့် လာရောက်ကုသိုလ်ပြုသူများဖြင့်လည်း အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)