ကသာ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့လုံးကျွတ် သံဃာ့မဟာပဝါရဏာပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က လေးထပ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ မြို့လုံးကျွတ်သံဃာ့မဟာပဝါရဏာပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်ရှိ အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ် အပါး(၃၂၁)ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကသာမြို့ လေးထပ်ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ဘုရားကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာ တရားတော်များ ဟောကြားပေးသည်။
ကျော်စွာထွန်း(ကသာ)