သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံ လွှတ်တင်ပူဇော်

ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်၍ ဘုရားဖူးမိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြတ်မော်တင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသုဇာတ အရှင်သူမြတ်ကြီး အမှူးပြုသော တပည့်ဒါယကာ၊ ဒါယိကာမများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများမှ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား ဆီမီး (၁၀၀၀) ပန်း (၁၀၀၀) တို့ဖြင့် ကပ်လှူပူဇော်ခဲ့ကြပြီး မိဘမေတ္တာဆရာတော် သာသနဓဇဓမ္မာစရိယ နယ်လှည့်ဓမ္မာကထိက ဘဒ္ဒန္တတေဇောဘာသ (ဘိုကလေး) အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားခဲ့သည်။

ထို့နောက် မြတ်မော်တင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသုဇာတ အရှင်သူမြတ်ကြီး အမှူးပြုသော တပည့်ဒါယကာ၊ ဒါယိကာမများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများက တာဝတိံသာနတ်ပြည်မှ လူပြည်သို့ ပြန်လည်ကြွမြန်းတော်မူလာသည့် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးမိဘပြည်သူများသည် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်းတို့ဖြင့် ဟိုင်းကြီးကျွန်းမြို့၌ စည်ကားလျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)