ကျွန်းလှ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦးကျောင်းတိုက်တွင် ယနေ့မွန်းလွဲ (၁) နာရီ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ပဝါရဏာအခမ်းနားကျင်းပကြောင်း သိရသည်။
အဆိုပါ ပဝါရဏာအခမ်းအနားတွင် ဝါတွင်းကာလဝါဆိုကြသော ကျွန်းလှမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးနှင့် သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)မှ ဆရာတော်သံဃာတော်အပါး (၇၅)ပါးတို့အား သိမ်ဆင်း၌ ရပ်ဝေးရပ်နီး ကုသိုလ်ရှင်များက သင်္ကန်းအစရှိ လှူဖွယ်ပစ္စည်းများ လှူဒါန်းကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)