ပိုင်ကျုံ အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ အမှတ်(၄)ရပ်ကွက်ရှိ ဒါယကာ၊ ဒါယိကာမများ စုပေါင်းကာ အောက်တိုဘာလ ၁၇ ရက်နေ့က ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့မသာသနာပြုကျောင်း၌ တရားဒေသနာတော်ခံယူရန် ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များတို့က မြို့မ-သာသနာပြု ပရဟိတကျောင်းဆရာတော်ထံ ငါးပါးသီလခံယူပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ဆရာတော်က ဝါကျွတ်တရားတော်များနှင့်ပတ်သက်သည့်တရားဒေသနာတော်များ ဟောကြားခဲ့သည်။ ယင်းနောက် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်မြတ်တို့အား နေ့ခင်းဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ မြို့မသာသနာပြု ပရဟိတကျောင်း၌ ဝါတွင်း(၃)လအတွင်း ဝါဆိုသင်္ကန်းကပ်လှူနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်သူ/သားများ စုပေါင်းကာ အလှည့်ကျဖြင့် အစဉ်အလာမပျက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)