ဖြူး အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ အောက်တိုဘာလ (၁၅)ရက်နေ့အတွင်း စာရင်းစစ်/စာရင်းကောက် (၁၂၄) ဦး၊ အဖွဲ့ပေါင်း(၃၈)ဖွဲ့ဖြင့် Mobile ၊ Tablet အသုံးပြု၍ ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီးစီးမှုမှာ ရပ်ကွက်(၁၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာ(၁၁၈)ရွာ၊ ကောက်ကွက်ပေါင်း (၂၇၇) ကွက်၊ အိမ်ထောင်စု (၃၀၂၁၈) စု၊ ကျား (၅၉၂၇၆)၊ မ(၆၈၂၆၇) လူဦးရေစုစုပေါင်း (၁၂၇၅၄၃) ဦးရှိကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)