ခန္တီးမြို့၌ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ခန္တီး အောက်တိုဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူလေးများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား/သူလေး (၁၅)ဦးက မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကိုလည်းကောင်း၊ “တန်ဖိုးကိုယ်စီ”စာအုပ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)