အုတ်တွင်း အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၂ ရက်မှ စတင်၍ စာရင်းကောက်ယူလျက်ရှိသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့ထိ ကောက်ယူလျက်ရှိရာ အုတ်တွင်းမြို့နယ်အနေဖြင့် အောက်တိုဘာ ၂ ရက်မှ စတင်၍ စာရင်းကောက်ယူရာ ယနေ့ထိ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၀)အုပ်စု၊ ကျေးရွာ(၂၃၀)ရွာ၊ ကောက်ကွက်ပေါင်း(၃၈၄)ကွက်၊ အိမ်ထောင်စု(၄၀,၇၉၀)စု၊ လူဦးရေ(၁၅၁,၃၃၃)ဦးအား စာရင်းစစ်(၂၂)ဦး၊ စာရင်းကောက်(၁၁၅)ဦး၊ အဖွဲ့(၂၇) ဖွဲ့ခွဲ၍ တစ်အိမ်တက်ဆင်း Mobile၊ Tablet အသုံးပြု၍ စာရင်းများကောက်ယူမှုပြီးစီးပါကြောင်း မြို့နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူးထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)