လိပ်သို အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန်နှင့် မျှစ်များရှားပါလာချိန်၌ ရောင်းချနိုင်ရန် မျှစ်ခြောက်များ ပြုလုပ်သိုလှောင်ထားကြကြောင်း သိရသည်။
ဒေသခံများမှာ မျှစ်ကို မျှစ်စိမ်း၊ မျှစ်ချဉ်အပြင် မျှစ်ခြောက်များလည်း ပြုလုပ်စားသုံးကြကြောင်း၊ မျှစ်ခြောက်ပြုလုပ်ရာတွင် မျှစ်စိုများကိုပါးပါးခြစ်၍ပြုတ်ပြီး အရည်စစ်ကာ ထင်းမီးဖြင့်လည်းကောင်း၊ နေလှန်း၍လည်းကောင်း အခြောက်ခံထားရကြောင်း ရရှိလာသောမျှစ်ခြောက်များကို တာရှည်ခံစေရန်နှင့် မှိုမတက်စေရန်လေလုံစွာပိတ်ပြီး ထုပ်ပိုးသိမ်းဆည်းထားရကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်တွင် မျှစ်ခြောက်တစ်ဆယ်သား အထုပ်တစ်ထုပ်လျှင်(၂၀၀ဝိ/-)ကျပ်နှင့် မျှစ်ခြောက်တစ်ပိဿာလျှင်(၂၀၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြပြီး ရိုးရိုးမျှစ်ခြောက်အပြင် မျှစ်ချဉ်ခြောက်များကိုလည်း ပြုလုပ်ရောင်းချကြကြောင်း မျှစ်ခြောက်ပြုလုပ်ရောင်းချသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
ခင်လေးနွယ်