ဝေါ အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ကျိုက်လှကျေးရွာအုပ်စုရှိ ကွင်းအမှတ်-၆၈၇(ခ)၊ ဦးပိုင်အမှတ်(၃/၇) တောင်သူ ဒေါ်ရီစိန်၏လယ်၌ ကျင်းပကြောင်း သိရသည်။
ထိုသို့ မိုးစပါးစံပြစိုက်ခင်းစံကွက်ရိတ်သိမ်းပွဲသို့ ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အနီးပတ်ဝန်းကျင်ကျေးရွာများမှ စပါးစိုက်တောင်သူများတက်ရောက်ကြပြီး၊ တက်ရောက်လာသူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မိုးလွင်က YMR-20 စပါးမျိုးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးသည်။
ဆက်လက်၍ မိုးစပါးစံပြစိုက်ခင်းစံကွက်ရိတ်သိမ်းရာ YMR-20 စပါးမျိုး တစ်ဧကလျှင် (၁၁၀ ဒသမ ၂၅)တင်းထွက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)