စလင်းမြို့နယ်၌ ဝါကျွတ်လက်ဆောင်သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာ ရောင်စုံမီးထွန်းရုပ်များ ရောင်းအားကောင်း

စလင်း အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း၌  ဝါကျွတ်လက်ဆောင်  သီတင်းကျွတ်ရောင်စုံမီးထွန်း ကလေးကစားစရာအရုပ်များ ရောင်းအားကောင်း မိသားစုအဆင်ပြေလျက်ရှိကြောင်း မြန်မာ့ရိုးရာလက်မှုရောင်စုံမီးထွန်းအရုပ်များ  ပြုလုပ်ရောင်းချသူများထံမှ သိရသည်။

စလင်းမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာမှ ယနေ့အထိ ဖိုးဘွားအစဥ်အဆက်  ဝါလကင်းလွတ်သီတင်းကျွတ်အခါသမရတွင် မိဘ၊ဆရာသမားများနှင့် သက်ကြီးဝါကြီး အဖိုးအဖွားများအား ဆေးဝါး၊ စားသောက်စရာများနှင့် ငွေများဖြင့်ကန်တော့ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအားရည်မှန်း၍ နေရာဒေသအလိုက် ဆီမီးပူဇော်ထွန်းညှိခြင်းများကို ပြုလုပ်လေ့ရှိကြသည်၊၊ ထို့အတူ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ပြုလုပ်ရောင်းချရာတွင် မီးပုံးအမျိုးမျိုးအကြီးအငယ်ပေါ်မူတည်၍ (၅၀၀)ကျပ်မှ (၁,၀၀၀)ကျပ်၊ (၂,၅၀၀)ကျပ် အမျိုးမျိုးရောင်းချကြရသည်၊ မီးပုံးလေးများနှင့် ယုန်ရုပ်၊ ကဿ်ရုပ်၊ ဆင်ရုပ်၊ ဒေါင်းရုပ်၊ ဇီးကွက်ရုပ်၊ လေယာဥ်ရုပ်နှင့် ကလေးကစားစရာအရုပ်မျိုးစုံ အကြီး၊ အသေး၊ အလတ်အမျိုးအစားအလိုက် (၁,၀၀၀)ကျပ်မှ (၄,၅၀၀)ကျပ်၊ (၆,၀၀၀)ကျပ် စျေးအမျိုးမျိုးရောင်းချကြရကြောင်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များကို  ဖန်တီးပြုလုပ်ရန်အတွက် သီတင်းကျွတ်မတိုင်ခင် တစ်လခွဲလောက်ကြိုတင်၍ ဝါးများကိုစိပ်ခွဲ၍နှီးအဖြစ်ဖြာကာ ကလေးကစားစရာအရုပ်အမျိုးမျိုးကိုကြိုတင်ပြုလုပ်၍ မှန်ရောင်စက္ကူနှင့် ဆီစိမ်စက္ကူစာရွက်များ၊ မှန်ရောင်စက္ကူများကို ဝယ်ယူစုဆောင်းထားရှိရသည်။ ထိုသို့ ပြုလုပ်ရန်အရင်းအနှီးအနေဖြင့် မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့် ငါးသိန်းအထက်တွင် ကုန်ပစ္စည်းသိုလှောင်မှုပေါ်မူတည်၍ ကုန်ကျကြောင်းယခုနှစ်တွင် ယခင်နှစ်များထက် အရုပ်အမျိုးမျိုးပြုလုပ်ရောင်းချအားကောင်းကြောင်း မြို့နယ်နမိတ်ခြင်းထိစပ်သည့်မြို့များ၊ မြို့နယ်အတွင်းရှိကျေးရွာများမှ ဖောက်သည်ယူရောင်းချကြကြောင်းဖြင့် သီတင်းကျွတ်အခါမတိုင်မီ တစ်ရက်ပျမ်းမျှစျေး၌ ထိုင်ရောင်းပါက ခြောက်သောင်းဖိုးခန့် ရောင်းချရကြောင်း မြန်မာ့ရိုးရာလက်မှုပညာအမွေအနှစ်လုပ်ငန်း မီးပုံးနှင့်အရုပ်အမျိုးမျိုးပြုလုပ်ရောင်းချသူ အနည်းငယ်သာရှိ၍ ယခုနှစ် မီးပုံးနှင့်ကလေးကစားစရာ ရောင်စုံမီးထွန်းရုပ်များ ပြုလုပ်ရောင်းချသူများထံမှ သိရသည်။

(မောင်လွင်)စလင်း