ပုသိမ် အောက်တိုဘာ ၁၄
အမျိုးသမီးများအား တစ်ဖက်တစ်လမ်းမှဝင်ငွေတိုးပွားရရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ရပ်ရွာအခြေပြု ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနည်းပြ ဒေါ်စန္ဒာဆွေဦးက သင်တန်းသူများအား ဘက်စုံသုံးဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာပြုလုပ်နည်းနှင့် မျက်နှာသစ်ဆပ်ပြာအခဲပြုလုပ်နည်းများအား လက်တွေ့သင်ကြားပို့ချ ပေးခဲ့ပြီး သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)