ရွှေတောင် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရွှေတောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်မှုကော်မတီ)ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နွားမယံကျေးရွာအုပ်စု၊ နွားမယံကျေးရွာ၊ ရွာလယ်လမ်း Box Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ ရန်ကုန်-ပြည်လမ်း၊ အ.ထ.က ကျာင်းရှေ့ အုတ်ရေမြောင်းတည်ဆောက်ခြင်း၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ (က)၊ (ဈ) ဈေးရုံများ အသစ်တည်ဆောက်ခြင်း၊ သရက်တောရပ်ကွက်၊ နှပ်တန်းကွက်သစ် (၃)လမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အညာစုဖြတ်လမ်း Box Culvert တည်ဆောက်ခြင်း၊ ရန်ကုန်-ပြည်လမ်းဘေး (လေသာလမ်းထိပ်မှ ချန်ပီယံ)အထိ အုတ်ရေမြောင်းတည်ဆောက်ခြင်းနှင့် ရန်ကုန်-ပြည်လမ်းဘေး ဖိုးခေါင်ရှမ်းတန်းလမ်းထိပ်မှ ကူကြီးလမ်းအထိ အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့် သက်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ကြီးကြပ်မှုကော်မတီ)ဥက္ကဋ္ဌက လိုအပ်သည်များ ညှိုနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)