ရွှေဘို အောက်တိုဘာ ၁၂
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက် (၁၀) ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်မှုရှိစေရန်အတွက် စာရင်းစစ်၊ စာရင်းကောက်များက CAPI နည်းပညာဖြင့် မိုလ်ဘိုင်း Tablet အသုံးပြုပြီး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများကို အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်/ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို စာရင်းစစ်၊ စာရင်းကောက် (၆၁) ဦးဖြင့် အောက်တိုဘာ (၁) ရက်မှ (၁၅) နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)