အုတ်တွင်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နိုင်ရေး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်

အုတ်တွင်း အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ထောက်ပံ့ငွေဖြင့် အသစ်တည်ဆောက်ဖွင့်လှစ်မည့် စာကြည့်တိုက်အဆောက်အအုံ တည်ဆောက်နိုင်ရေးနှင့်ပရိဘောဂ၊ စာအုပ်စာစောင်များ ဝယ်ယူဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၅၀) လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညောင်ခြေထောက်ကျေးရွာတွင် စာကြည့်တိုက်အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေး၊ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အောင်မြင်စွာပြီးမြောက်နိုင်ရေး၊ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားပြီး စာကြည့်တိုက်ဆောက်လုပ်နိုင်ရေး မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များမှ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြပြီး၊ အသစ်တည်ဆောက်ဖွင့်လှစ်မည့် စာကြည့်တိုက်အဆောက်အအုံနှင့်ပရိဘောဂ၊ စာအုပ်စာစောင်အတွက်​ ထောက်ပံ့ငွေ ကျပ်သိန်း(၁၅၀)အား မြို့နယ်စာကြည့်တိုက်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီဝင်များက ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)