မြို့သစ်မြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉)ဦးအား ထောက်ပံ့ငွေများပေးအပ်

မြို့သစ်  အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ်အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာ ၉ ရက်နေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ မင်းရပ်ကွက်၊ မြို့လုလင်ကျေးရွာ၊ မကြီးချိုကျေးရွာ၊  မကြီးကုန်းကြီးကျေးရွာ၊ တလုပ်ပင်ကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် ဒန့်ဒလွန်ပင်ကျေးရွာများရှိ အသက် (၁၀၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား (၉)ဦးအားတစ်ဦးလျှင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ၅၀၀၀၀/-ကျပ်နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ထောက်ပံ့သည့် ၁၀၀၀၀/-ကျပ် စုစုပေါင်း တစ်ဦးလျှင် (၆၀၀၀၀/-) ကျပ်နှုန်းဖြင့် သက်ကြီးဘိုးဘွား (၉)ဦးအတွက် စုစုပေါင်းထောက်ပံ့လှူဒါန်းငွေကျပ် (၅၄၀၀၀၀/-) ကျပ်တိတိအား အဘိုးအဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)