မိုးညို အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များအား မြို့နယ်အတွင်းရှိ ရေဘေးသင့်ခဲ့သော ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများသို့ ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များအား မိုးညိုမြို့နယ်အတွင်း ဇူလိုင်လမှ ဩဂုတ်လအတွင်း ရေဘေးရှောင်ခဲ့သော ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ၈၉ ရွာရှိ အိမ်ထောင်စု (၃၅၃၉) စု၊ လူဦးရေ ၁၁၄၄၉ ဦးတို့ လက်ဝယ်သို့ ဆန်များထောက်ပံ့ပေးအပ်ခြင်း၊ ပြည်သူတစ်ဦးလျှင် ရသင့်သည့် နှုန်းထားအား ခွဲဝေပေးခြင်းများကို ကျေးရွာများအလိုက် စုရပ်နေရာများသတ်မှတ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)