ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိ

ကန်ကြီးထောင့် အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးအတွင်း တည်ငြိမ်အေးချမ်းစွာ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထို့သို့ ကောက်ယူရာတွင် မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ကန်ရွာကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာရှိ အိမ်ထောင်စုများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ ကောက်ယူနေမှုအခြေအနေများအား သွားရာက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား  ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃) အုပ်စု၊ ကောက်ကွက်ပေါင်း (၃၂)ကွက်တို့၌ စာရင်းစစ် (၃၆) ဦး၊ စာရင်းကောက် (၁၂၅) ဦးတို့ဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)