ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ၁၀၀ ရာခိုင်နှုန်း ထုတ်ချေးပြီးစီး

ကန်ကြီးထောင့် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား မေလ ၂၀ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ စက်တင်ဘာလ ၂၆ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်း ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။   

ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ရပ်ကွက် (၇) ခု ကျေးရွာအုပ်စု (၇၃) အုပ်စုမှ တောင်သူ (၅၅၀၀) ဦး  ၏ လယ်ဧက (၃၈၆၂၁)  အတွက်  ချေးငွေကျပ် သိန်း (၅၇၉၃၁.၅၀)  အား ထုတ်ချေးရန် လျာထားခဲ့ပြီး မေလ ၂၀ ရက်နေ့က စတင်ထုတ်ချေးခဲ့ရာ စက်တင်ဘာလ ၂၆ ရက်နေ့အထိ တောင်သူ (၆၈၂၇) ဦး၏ လယ်ဧက (၄၈၄၁၃) ဧကအတွက် ချေးငွေပေါင်း (၇၂၆၁၉.၅၀) သိန်းအား ထုတ်ချေးပြီးစီးပြီး ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)