တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

တောင်တွင်းကြီး အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (နာရီအချိန်မှ ညနေ (နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီး၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် () ခု၊ ကျေးရွာအုပ်စု (၁၄)၊ ကျေးရွာပေါင်း (၂၄ရွာရှိ ကောက်ကွက်ပေါင်း (၄၃ကွက်စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း (၂၁၇) ဦးက လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့်  ပြည်ပြည်စုံစုံဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ  လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာသို့  မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်၊ အဖွဲ့ဝင် ()ဗိုလ်မှူး ကျော်ဇင်ညွှန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းနိုင်ကြွယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းဇော်မင်းတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးသန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး၊ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးစားကောက်ယူကျရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)