နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပစ္စည်းအခွန်ကောက်ခံခြင်း စနစ်တကျရှိစေရန် မြေပြင်ကွင်းဆင်းဆောင်ရွက်

နတ်မောက် အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပစ္စည်းအခွန်ကောက်ခံခြင်း စနစ်တကျရှိစေရန် ယမန်နေ့နံနက်ပိုင်းက အောင်ဆန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များက ပစ္စည်းအခွန်ကောက်ခံခြင်းစနစ်အား ပိုမိုကောင်းမွန်သည့်စနစ်ဖြစ်ပေါ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အဦးများအား ပေကြိုးများဖြင့် စနစ်တကျ တိုင်းတွာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း