တောင်တွင်းကြီးမြိုနယ်တွင် ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားသော မ်းညွှန်မှာကြားချက်များကို ဖတ်ကြားရှင်းလင်းပြီး မြို့နယ်အတွင်း သတ်မှတ်ဖွဲ့စည်းပေးထားသော ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်စည်းဆောင်ရွက်ပေးနိုင်ရေး၊ ဌာနဆိုင်ရာအကြီးအကဲများအား မိမိတို့၏ ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ စာရင်းကောက်ယူပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများ၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ဆည်မြောင်းများ ပြန်လည်တူးဖော်နေသည့်အခြေအနေများနှင့် မြို့နယ်သာယာလှပရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေသည့်အခြေအနေများ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု စဥ်ဆက်မပျက်ကွင်းဆင်းဆောင်ရွက်နေသည့်အခြေအနေများ၊ မြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ဒေသခံပြည်သူများ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် နိုင်ငံတော်မတည်ငွေဖြင့် စာကြည့်တိုက်များ ထပ်မံဆောက်လုပ်ထားရှိမှုများနှင့် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းထားရှိမှုအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များ၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် မီးဘေးအန္တရာယ်ကျရောက်ပါက ကယ်ဆယ်ရေး၊ ငြိမ်းသတ်ရေးလုပ်ငန်းများ အသင့်အနေအထားပြင်ဆင်ထားရှိမှု အ​ခြေအနေများ၊ လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ဆဲအခြေအနေများ၊ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့ပေးအပ်ပြီးစီးမှုအခြေအနေများ၊ အငြိမ်းစားနိုင်ငံဝန်ထမ်းများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထပ်တိုးပင်စင်များအား စစ်ဆေးပေးအပ်ပြီး အခြေအနေများ၊ မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် မိုးရေချိန်၊ အပူချိန်လက်မများ ဖတ်ကြားဆွေးနွေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ​ကွင်းဆင်းအသိပညာပေးခြင်းနှင့် လက်တွေ့ဆောင်ရွက်မှု၊ ပြီးစီးမှုအခြေအနေများစသည့် တောင်တွင်းကြီးမြို့နယ်အတွင်း သက်ဆိုင်ရာဌာနအလိုက်ပုံမှန် လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

အဆိုပါ လစဥ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)