ပေါက်ခေါင်း နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ယခုလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့က တာဝန်ရှိသူများက စတင်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များကို ကျန်းမာရေးစံ သတ်မှတ်ချက်များ နှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကျန်းမာရေးပညာပေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အသိပေးမှာကြား ခြင်းများကို ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များကို နိုဝင်ဘာ လကုန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)