ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကျောက်တံခါး  နိုဝင်ဘာ    ၂၄


ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက်  အရှိန်အဟုန်  မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့သည် စျေး၊ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် မော်တော်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် ပရဟိအဖွဲ့များပူးပေါင်း၍      ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ နေ ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း မဖြစ်နေနှာခေါင်းစည်း(mask)တပ်ဆင်သွားလာကြရန်၊ စျေးရောင်းသူများအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြား ချက်များနှင့်အညီရောင်းချရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ သွားလာနေထိုင်ကြရန် မော်တော်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)