မအူပင် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား စာရင်းစစ်၊ စာရင်းကောက်များမှ မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် ယနေ့နံနက်ပိုင်းက ဆက်လက် ကွင်းဆင်းဆောင်ရွက်သည်။
မအူပင်မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာများအား အချက် (၆၈) ချက် မေးမြန်းပြီး Mobile Tablet များဖြင့် စာရင်းကောက်ယူလျက်ရှိရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဒေါ်နွယ်နီစိုး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူမှုအား အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ မအူပင်မြို့နယ်အတွင်းရှိ ကောက်ကွက်ပေါင်း (၆၆၇) ကွက်၌ စာရင်းစစ်၊ စာရင်းကောက် (၄၈) ဖွဲ့မှ စနစ်တကျစာရင်းကောက်ယူလျက်ရှိပြီး အောက်တိုဘာလ (၁၅) ရက်နေ့အထိ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)