ကြို့ပင်ကောက် အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၌ တောင်သူ ဦးအောင်ဝင်း၏ ထိုင်းနှံကောက် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
လက်ပံပင်စုကျေးရွာအုပ်စု ကြံတောစု ကျေးရွာမှတောင်သူ ဦးအောင်ဝင်းသည် ထိုင်းနှံကောက်မိုးစပါးအား ကွင်းအမှတ် ၅၀၆ စိုက်ခင်း ၅ ဧကတွင် စိုက်ပျိုးထားရာ ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအဖွဲ့မှ ဝန်းထမ်းများနှင့်အတူ စံကွက်ရိတ်သိမ်းခဲ့ကြာင်း ထိုင်းနှံကောက်မိုးစပါး တစ်ဧကတွင် ၁၂၆ ဒသမ ၂၇ တင်း ထွက်ရှိခဲ့ကြာင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအဖွဲ့ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧကသီးနှံအထွက်နှုန်းများ ပိုမိုးထွက်ရှိရေး သီးထပ်စွမ်းအားတိုးတက်မြင့်မားစေရေး၊ ဆောင်းသီးနှံ ပဲများစိုက်ပျိုးခြင်းအပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရေးတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)