ကျောင်းကုန်းမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုကို မြို့နယ်သန်းခေါင် စာရင်းကော်မတီမှ ကြည့်ရှုအားပေး

ကျောင်းကုန်း  အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်စာရင်းစစ်/စာရင်းကောက်များက  ယနေ့ နံနက် ၇ နာရီမှအချိန် သတ္တမနေ့အဖြစ် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄)ရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့်စာရေး ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များက လိုက်ပါ၍ စာရင်းစစ်/စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)