တောင်ငူမြို့၌ တိုင်ဖွန်းမုန်တိုင်း "ရာဂီ" ကြောင့် ထိခိုက်ပျက်စီးမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

တောင်ငူ အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌  တိုင်ဖွန်းမုန်တိုင်း "ရာဂီ"ကြောင့် ထိခိုက်ပျက်စီးမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တိုင်ဖွန်းမုန်တိုင်း"ရာဂီ"ကြောင့် တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စုနှင့် ဆိတ်ဖူးတောင်ကျေးရွာအုပ်စုများမှ ဆည်ရေသောက်ဧရိယာများရှိ ထိခိုက်ပျက်စီးသွားသည့် လယ်ဧက ၂၀၀ ဧကအတွက် တောင်သူခြောက်ဦးအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)