ပုလောမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၂၅)ကြိမ်မြောက် ရွှေရတုသဘင် သက်ကြီးအာစရိယ မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပ

ပုလော  အောက်တိုဘာ  ၆

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၂၅) ကြိမ်မြောက် ရွှေရတုသဘင် သက်ကြီးအာစရိယ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားကို ဗုဒ္ဓံသရဏံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

 (၂၅) ကြိမ်မြောက် ရွှေရတုသဘင် သက်ကြီးအာစရိယ မြတ်ဆရာ ပူဇော်ပွဲတွင် ပူဇော်ခံ အငြိမ်း စား ဆရာကြီး/ဆရာမကြီးများကို  တပည့်ကျောင်းသား/သူများ ကန်တော့ချိုးများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး၊ ဂါရဝကန်တော့ လက်ဆောင်များဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်းနှင့် ပူဇော်ခံဆရာကြီး/ဆရာမကြီးများကို တပည့်များကအနန္တငါးဖြာသီချင်း၊ မြတ်ဆရာသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားပေးခဲ့သော ကျောင်းသား/သူများက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခမ်းအနားကို ပူဇော်ခံဆရာကြီး/ဆရာမကြီး (၂၄) ဦးကို ဖိတ်ကြား၍ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)