ပဲခူး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ ယမန်နေ့က ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း(ဘေးမဲ့တော)အတွင်းသို့ ဒေသငါးမျိုး များဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါး ကောင်ရေ(၅)သောင်း၊ ငါးခုံးမငါးကောင်ရေ(၁)သိန်း၊ ငါးဖားမကောင်ရေ(၁)သိန်း ငါးရံ့ငါးကောင်ရေ(၅) သောင်း၊ ငါးကျည်းငါးကောင်ရေ(၅)သောင်း စုစုပေါင်း ငါးကောင်ရေ (၃.၅)သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)