ဒိုက်ဦးတွင် စားသောက်ဆိုင်များအား (A)အဆင့် သတ်မှတ်နိုင်ခြင်းရှိ၊ မရှိ စစ်ဆေး

ဒိုက်ဦး နို၀င်ဘာ ၂၄

တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များတွင် Stay At Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်  များတွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မပါ၀င်သည့်အတွက် Covid-19 ကာကွယ် တားဆီး နိုင်ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး(A)အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်များ၊ ထမင်း ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များနှင့် အစားအသောက်ရောင်းချသည့် ဆိုင်များအား ၂၀၂၀ပြည့်နှစ်၊  နို၀င်ဘာလ ကုန်တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါ(A)အဆင့်သတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိမရှိကိုဒိုက်ဦးမြို့နယ်စားသောက်ဆိုင်များကြီးကြပ်ရေးအဖွဲ့ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့်မြို့နာ် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍နို၀င်ဘာလ ၂၃ရက်နေ့ကစတင်ကာ ဒိုက်ဦးမြို့နယ် စည်ပင် သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချ လျှက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ ထမင်းဆိုင်နှင့်အစားအသောက် ရောင်းချသည့် ဆိုင်များအား ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန် ထားသော Covidစည်းကမ်း ချက်များနှင့် ရောင်းချမှုရှိမရှိ၊(A)အဆင့် သတ်မှတ်နိုင်ခြင်းရှိမရှိ စစ်ဆေး ခဲ့သည်။

ကျော်ကျော်(ဒိုက်ဦး)