ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်း စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်လ.ဝ.ကမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်၊ ခရိုင်ရဲမှူးဒုရဲမှူး မြင့်ထွန်းနိုင်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦး အောင်သက်တင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မကျီးစုကျေးရွာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား လိုက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင်လည်းကောင်း၊ ငါးဆယ်ပေးကျေးရွာအုပ်စု ညောင်ကိုင်းဆည်သို့ရောက်ရှိ၍ စစ်ဆေးခဲ့ရာတွင်လည်းကောင်း၊ ငါးဆယ်ပေးကျေးရွာအုပ်စု ဘုရားပေါ်ကျေးရွာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)