စလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သက်ကြီးဆရာကြီး/ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ ကျင်းပ

စလင်း အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမဆောင်အတွင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သက်ကြီးဆရာကြီး/ဆရာမကြီးများအား  မြတ်ဆရာပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စလင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဌေးက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍  အခမ်းအနားသို့ တက်ရောက်လာကြသည့် တပည့်ဟောင်း ဆရာ၊ ဆရာမများမှ အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် ပူဇော်ခံဆရာကြီး/ ဆရာမကြီးများအား အပူဇော်ခံပစ္စည်းများဖြင့် ဆက်ကပ်ပေးအပ်ခဲ့ပြီး အပူဇော်ခံဆရာများ၏ကိုယ်စား ဆရာကြီးဦးအုန်းမောင်မှ ကျေးဇူးတင်စကားများပြောကာ ဆုများပေးသြဝါဒစကား များချီးမြှင့်ခဲ့သည်။

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့်ဆရာဆရာမများ ကျောင်းသားဟောင်း ဆရာများ စုစုပေါင်းအင်အား(၁၅၀)ခန့် တက်ရောက်ခဲ့ကြကာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများဖြင့် အမှတ်တရဓာတ်ပုံများရိုက်ကူးကြကြောင်း သိရသည်။

(မောင်လွင်)စလင်း