ညောင်လေးပင်မြို့၌ ရေဘေးသင့်အိမ်ထောင်စုများအတွက် စားသောက်ကုန်များလှူဒါန်း

ညောင်လေးပင် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြန်မာကျဲ့ကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များဖြင့် လှူဒါန်းပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေကျင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ မြန်မာကျဲ့ကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှအလှူရှင်များ စုစုပေါင်း အင်အား (၈၀) ဦးတတ်ရောက်ခဲ့ပြီး ညောင်လေးပင်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ ရေဘေးသင့်ခဲ့သောအိမ်ထောင်စုများအတွက် စားသောက်ကုန်များလှူဒါန်းပေးပါသော မြန်မာကျဲ့ကျန်းတရုတ်ကုန်သည်ကြီးများအသင်းအား ကျေးဇူးတင်စကားပြောကြားပြီး မြန်မာကျဲ့ကျန်းတရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ညောင်လေးပင်၊ ရွှေကျင်၊ မဒေါက်နှင့် ကျောက်ကြီးမြို့နယ်များမှ ရေဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၆၄၉၀၀ တန်ဖိုးရှိ ဆီ (၅၀)ကျပ်သား တစ်ဗူး၊ ဆန်(ခြောက်ပြည်)၊ ခေါက်ဆွဲခြောက်တစ်ဖာ၊ ရေသန့်(တစ်လီတာဝင်ဗူး) တစ်ကဒ်၊ ဆားတစ်ထုတ်တို့ကို အိမ်ထောင်စုအလိုက် ပေးအပ်လှူဒါန်းမှုအား လက်ခံပေးခဲ့သည်။

ထိုနောက် အခမ်းအနားသို့တတ်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များနှင့် မြန်မာကျဲ့ကျန်းတရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည် အဆိုပါလှူဒါန်းရာတွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၆၄၉၀၀နှုန်းဖြင့် အိမ်ထောင်စု(တစ်ထောင်)အတွက် စုစုပေါင်း လှူဒါန်းငွေမှာ ငွေကျပ် သိန်း ၆၄၉ ကျပ် တန်ဖိုးဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)