သရက်မြို့နယ်တွင် ၂၀၂၄ခု နှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူ တာဝန်ရှိသူများမှ လိုက်လံ ကြည့်ရှု

သရက် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရမည့် စာရင်းစစ်၊ စာရင်းကောက်ယူသူသည် ယမန်နေ့ နံနက်က သတ်မှတ်ကောက်ကွက်များတွင် စာရင်းများကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းအဖွဲ့များမှ လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများ တိကျမှန်ကန်ရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာ အချက်အလက်များအား ပြည်သူများထံအရောက်ကွင်းဆင်းမေးမြန်း  Tablet များဖြင့် အဆင့်မြင့်နည်ပညာများကို အသုံးချကောက်ယူလျက်ရှိပြီး  ယမန်နေ့ နံနက်ပိုင်းက သရက်မြို့နယ် အမှတ်(၁)၊ အမှတ်(၅)၊ အမှတ်(၇)ရပ်ကွက်နှင့် မိုးနတ်ကုန်း၊ အင်းလယ်၊ ရေဘွက်ကျေးရွာအုပ်စုတို့အား စာရင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ကောက်ယူလျက်ရှိရာ မြို့နယ်အဆင့် သန်ခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးနှင့် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သန်ခေါင်းစာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်ဝင်း၊ မြို့နယ်သန်းခါင်းစာရင်း ကော်မတီဝင်များက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကို သရက်မြို့နယ်အတွင်း ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၃)အုပ်စုတို့တွင် စာရင်းကောက်ကွက် (၂၇၉)ခုတို့တွင် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)