သာယာဝတီခရိုင် သန်း‌ခေါင်စာရင်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ မိုးညိုမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး

မိုးညို  အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်တွင် ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။     

ထိုသို့ကြည့်ရှုရာတွင် သာယာဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်‌မောင်ထွေးနှင့် ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ မိုးညိုမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုး‌ဝေလင်းနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိသည့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များအား ကြည့်ရှုအား‌ပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ မိုးညိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေရွာပေါင်း ၂၁၇ ရွာရှိ ကောက်ကွက် ပေါင်း ၄၃၅ ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက် ၁၆၄ ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းကောင်စာရင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း၊ မြို့နယ်အဆင့်/ရပ်ကျေးအဆင့်ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ကိုမင်း (ပြန်/ ဆက်)